Vivo V11 ကိုစက်တင်ဘာလ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံဈေးကွက်၌ စတင်ရောင်းချခဲ့ပါသည်။ မျက်နှာပြင် အရွယ်အစား 6.41 လက်မရှိပြီး Display 1080 pixel x 2340 pixel resolution ကို အသုံးပြုထားပါသည်။ Starry Night ဟုအမည်ပေးထားသော နက်ပြာရောင်ပြေးအရောင်တမျိုးတည်းသာ ရောင်းချလျှက်ရှိပြီး အပြည်ပြည်ဆိုင်ရာဈေးကွက်တွင်မူ Starry Night (နက်ပြာရောင်ပြေး) နှင့် Nebula (ခရမ်းရောင်ပြေး) အရောင်၂ရောင် ရောင်းချလျှက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း ရောင်းချနေသော ဈေးနှုန်းမှာ 559,000 ကျပ်ဖြစ်ပါသည်။
Qualcomm Snapdragon 660AIE Octa-core processor ကိုအသုံးပြုထားပြီး RAM 6GB ရှိပါသည်။ Internal storage 128GB ပါဝင်ပြီး micro SD Card လည်းထည့်သွင်းအသုံးပြုနိုင်ပါသည်။ Vivo V11 တွင် အနောက်ကင်မရာ (၂)ခုပါဝင်ပြီး ၄င်းတို့မှာ 12 Megapixel နှင့် 5 Megapixel တို့ဖြစ်ပါသည်။ အရှေ့ကင်မရာမှာမူ 25 Megapixel ရှိပါသည်။
ဖုန်းဘက်ထရီမှာ 3400 mAh အားရှိပြီး 156 gram အလေးချိန်ရှိပါသည်။ အရွယ်အစားမှာ 157.90 x 75.00 x 7.90 ( အမြင့်x အကျယ်x အထူ) ဖြစ်ပါသည်။
Vivo V11 တွင်Nano SIM card ၂ခုကိုထည့်သွင်းအသုံးပြုနိုင်ပြီး GSM နှင့် WCDMA ကွန်ယက်စနစ်များကို အထောက်အကူပြုပါသည်။ Wifi, GPS, Bluetooth, USB 2.0 နှင့် 3G , 4G အစရှိသော ချိတ်ဆက်မှုစနစ်များပါဝင်ပြီး အာရုံခံစနစ်များအနေနှင့် လက်ဗွေဖတ်စနစ်၊ သံလိုက်အိမ်မြှောင်၊ ထိစပ်မှုအာရုံခံစနစ်၊ ပတ်ဝန်းကျင်အလင်းအမှောင်အာရုံခံစနစ်နှင့် အရှိန်တိုင်းအာရုံခံစနစ်များပါဝင်ပါသည်။
Vivo V11၏ အသေးစိတ်အချက်အလက်များ
အခြေခံအချက်များ
| Operating System | Funtouch OS4.5 (Android 8.1ပေါ်တွင်အခြေခံသည်။) |
| ကိုယ်ထည်အတိုင်းအတာ | 157.90 x 75.00 x 7.90 မီလီမီတာ |
| အလေးချိန် | 156 ဂရမ် |
| ဘက်ထရီ | 3400 mAh |
| အရောင် | Starry Night |
| အရှေ့ကင်မရာ | 25 Megapixel |
| အနောက်ကင်မရာ | 12 Megapixel x 5 Megapixel |
| ရေစိုခံစနစ် | ပါဝင်သည်။ |
မျက်နှာပြင်
| မျက်နှာပြင်အရွယ်အစား | 6.4 လက်မ |
| ရုပ်ထွက်ကြည်လင်မှုနှုန်း | 1080 pixel x 2340 pixel |
| မျက်နှာပြင် | Halo FullViewTM Display |
| မျက်နှာပြင်အမျိုးအစား | Super AMOLED |
| ထိတွေ့မျက်နှာပြင် | 2.5 D (Glass) |
Hardware
| Processor | Qualcomm Snapdragon 660AIE Octa-core |
| RAM | 6 GB |
| Internal Storage | 128 |
| Expendable Storage | ပါဝင်သည်။ |
| Micro SD slot | ပါဝင်သည်။ |
ချိတ်ဆက်မှုများ
| Wifi | 2.4GHz/5GHz |
| GPS | ပါဝင်သည်။ |
| Bluetooth | Bluetooth 5.0 |
| USB | USB 2.0 |
| SIM1 | GSM/WCDMA (Nano SIM) |
| SIM2 | GSM/WCDMA (Nano SIM) |
အာရုံခံစနစ်များ
| အရှိန်တိုင်းအာရုံခံစနစ် | ပါဝင်သည်။ |
| ပတ်ဝန်းကျင်အလင်းအမှောင်အာရုံခံစနစ် | ပါဝင်သည်။ |
| ထိစပ်မှုအာရုံခံစနစ် | ပါဝင်သည်။ |
| သံလိုက်အိမ်မြှောင် | ပါဝင်သည်။ |
| လက်ဗွေဖတ်စနစ် | ပါဝင်သည်။ |
| ရေပြင်ညီမှတ်စနစ် | - |

